Chrome Cast sharing to Android TV box from Linux

Miracast လို၊ Apple’s Airplay လိုမျိုး wireless screen sharing (mirroring) လုပ်ဆောင်ချက် တွေက Windows, MacOS , Android, iOS တွေမှာပဲ အဆင်ပြေပါတယ်။
ကျွန်တော်က ပုံမှန် Linux OS သုံးတာဆိုတော့ ကိုယ့်ကွန်ပျူတာကို အိမ်က TV screen ကို တစ်ခါတစ်လေ wireless screen sharing လုပ်ချင်တာ အဆင်မပြေပါဘူး။ Miracast ကို Linux OS က ကောင်းကောင်း support မလုပ်သေးဘူးလေ။ အခုတော့ Linux OS ကနေ TV ပေါ်ကို လှမ်းပြီး screen sharing လုပ်ဖို့ solution တွေ့သွားပါပြီ။
အိမ်က TV နဲ့ တွဲထားတဲ့ Android TV Box (Android 9) ထဲကို AirScreen ဆိုတဲ့ Android app လေးထည့်လိုက်ပါတယ်။ ပြီးတော့ သူ့ကို ဖွင့်ထားပြီး… Linux computer မှာ Chrome browser ကို ဖွင့်ပြီး cast function ကို သုံးလိုက်တာ အင်မတန် လွယ်လွယ်ကူကူပဲ screen ကို TV ပေါ်ကို share လုပ်လို့ရသွားပါတယ်။ အရမ်းလည်း လွယ်ပြီး မြန်လည်း မြန်ပါတယ်။ကွန်ပျူတာနဲ့ Android TV box ကတော့ same network ထဲမှာ ချိတ်ထားဖို့ လိုတာပေ့ါနော်။ Linux OS computer တွေကနေ screen sharing လုပ်ချင်သူတွေအတွက် မျှဝေပေးတာပါ…။
https://www.apkmirror.com/…/airscreen-airplay…/download/