Hard disk usage 100% problem with Windows 10

No photo description available.

မြန်မာမှာ laptop ဝယ်တဲ့သူများ အတွက် ကြားသိရတဲ့ အတွေ့အကြုံလေး ပြောချင်ပါတယ်

တူမလေး online learning လုပ်ဖို့ Acer Aspire 15″ laptop (Aspire 5 -A515) အသစ်စက်စက် တစ်လုံးကို ညီဖြစ်သူက ဝယ်ခဲ့ပါတယ်။ အဲဒီ laptop တွေထဲမှာ ပုံမှန် hard disk drive (HDD) နဲ့ M.2 Solid State Drive (SSD) တွေ ထည့်လို့ရပါတယ်။ အများအားဖြင့် မြန်မာမှာက စျေးသက်သာတဲ့ HDD 1TB လောက်ထည့်ပြီး ရောင်းကြပါတယ်။ပြဿနာက အခုနောက်ပိုင်း Windows 10 နဲ့လာတဲ့ Acer laptop တွေမှာ HDD ပဲထည့်ထားပြီး Win OS ကို အဲဒီ hdd ထဲက run တယ် ဆိုရင် သိပ်မကြာခင်မှာ hard disk usage 100% ဖြစ်သွားပြီး system တစ်ခုလုံး အလုပ်လုပ်လို့ မကောင်းလောက်အောင် နှေးသွားတဲ့ ပြဿနာပါ။ Acer မှ မဟုတ်ပါဘူး၊ Asus laptop တွေမှာလည်း အဲဒီ ပြဿနာရှိပါတယ်။ အပေါ်မှာ ပြောခဲ့သလို အဲဒီ laptop တွေက HDD အပြင် SSD လည်း ထည့်လို့ရတော့ hdd အစား SSD ထည့်ထားပြီး Windows ကို အဲဒီ SSD ပေါ်တင်ပေးထားရင် နှေးသွားတဲ့ ပြသနာ မရှိပါဘူး။ Windows 10 နဲ့ HDD ကြောင့် ဖြစ်တဲ့ ကိစ္စပါ။ စင်ကာပူမှာတော့ အဲလို laptop တွေကို M.2 SSD ကို default အနေနဲ့ ထည်ပြီးရောင်းတာဆိုတော့ သိပ်ပြသနာမရှိဘူးပေ့ါ။
ပြောချင်တာက မန္တလေးမှာ ဝယ်တဲ့ တူမလေးရဲ့ Acer laptop ကလည်း hdd နဲ့ပဲ ထည့်ရောင်းတာ ဆိုတော့ တစ်ပါတ်လောက်နေတော့ ပြသနာကစပါတော့တယ်။ Program တွေ ဖွင့်မရအောင် လေးတာတွေ ဖြစ်တော့တာပေ့ါ။ ကျွန်တော့ညီ ကို HDD နဲ့ SSD ပြဿနာလို့ ပြောပြပါတယ်။ Laptop အသစ်ဆိုတော့ ညီဖြစ်သူက ဝယ်တဲ့ဆိုင်မှာ သွားပြတော့… ဆိုင်က (ထုံးစံအတိုင်း) ဟိုပြောဒီပြော… ပထမ Windows ပြန်တင်ပေးလိုက်တယ်။ တင်ပြီးပြီးချင်းတော့ ကောင်းတာပေ့ါ။ ပြန်ယူလာပြီး ရက်ပိုင်းအတွင်း ပြန်နှေးပြန်ရော။ နောက်တစ်ခါ ပြန်သွားပြတော့ motherboard လဲရမယ် ဆိုပြီး တစ်ပါတ်လောက် ထားခဲ့ရတယ်တဲ့။ ဒီကြားထဲ မသုံးရဘူးပေ့ါ။ ရပြီဆိုတော့ သွားယူ။ သူတို့ ဖွင့်ပြပြချင်းတော့ ကောင်းတာပေ့ါ…။ Windows တင်ပြီးပြီးချင်း ကတော့ ပြဿနာမရှိဘူးလေ။ တစ်ပါတ်လောက် နေတော့ မူရင်း hdd usage 100% နဲ့ ပြသနာ ပြန်ပေါ်လာ။ ညီဖြစ်သူက သွားပြန်ပြောတော့ သူကပဲ တမင် လာလာ ရစ်နေသလိုမျိုး ဖြစ်တော့တာပေါ့… သူတို့ လုပ်ပေးတုန်းက အကောင်း၊ ယူသွားပြီးမှ ဖြစ်တယ် ဆိုတာမျိုးပေ့ါ။
အဲဒါနဲ့ SSD ကိုသာ ဝယ်ထည့်လိုက်ဖို့ တိုက်တွန်းတော့ ကျွန်တော့ညီက တစ်ခြား ဆိုင်တစ်ဆိုင်မှာ M.2 SSD တစ်ခု ဝယ်ပြီး ထည့်ခိုင်းပါတယ်။ အဲဒီ ဆိုင်ကတော့ hdd နဲ့ ssd ကြောင့် ဖြစ်တာကို သိပုံရတယ်တဲ့။ပြောရရင် ကျွန်တော့ အနေနဲ့ ဆိုရင် laptop အဖုံးဖွင့် SSD ထည့်၊ Windows တင်ပေးလိုက်တာ အလွန်ဆုံး ကြာမှ ၂ နာရီပေ့ါ။ အဲဒါ မနက်စောစော သွားပို့တာ ညနေထိ မပြီးလို့ နောက်ရက်ကူးပြီး စောင့်ရတယ်တဲ့လေ 🙄 ထားပါတော့၊ သူတို့လည်းအလုပ်များလို့ ဖြစ်ပါလိမ့်မယ်။

အဲဒါကြောင့် Windows 10 နဲ့ Acer , Asus laptop တွေမှာ HDD ပဲ ပါပြီးတော့ သုံးနေရင်းနဲ့ hard disk usage 100% လောက် ဖြစ်ဖြစ်သွားပြီး စက်ကအရမ်းနှေးသွားရင် အကောင်းဆုံး permanent solution က SSD ထည့်ပြီး Windows OS ကို SSD ထဲမှာထား၊ hdd ကို Data အတွက်ပဲ သုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခြား solution မရှိပါဘူး။ Online မှာ တွေ့ရတဲ့ configuration တွေ၊ settings တွေ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါ ဆိုတာ (အခုချိန်ထိတော့) temporary solution ပဲ ဖြစ်ပါလိမ့်မယ် လို့ ပြောချင်ပါတယ်…။