UEFI cannot find Windows 10 bootable USB

HP 15s-eq လိုမျိုး 2020 ခုနှစ်နောက်ပိုင်း ထွက်တဲ့ laptop တွေမှာ Windows ပြန်ပြီး install လုပ်မယ် ဆိုရင် ကြုံတွေ့ရတဲ့ အတွေ့အကြုံတစ်ခု မျှဝေချင်ပါတယ်။

နောက်ပိုင်း UEFI firmware နဲ့ လာတဲ့ laptop တွေမှာ built-in Windows recovery feature ကို မသုံးပဲနဲ့ Windows 10 bootable USB ကနေ boot လုပ်ဖို့ ကြိုးစားတဲ့အခါ boot menu မှာ Windows installer USB ကို လုံးဝ မတွေ့တာမျိုး ဖြစ်တတ်ပါတယ်။

ကျွန်တော့ရဲ့ HP 15s laptop မှာဆိုရင် Windows installer USB ကနေ boot လုပ်ဖို့ ကြိုးစားတဲ့အခါ UEFI က အဲဒီ USB stick ကို မတွေ့ပါဘူး။ UEFI firmware settings တွေထဲက Secure Boot option ကို သွားပိတ်ထားလည်း မရပါဘူး။ ထူးဆန်းတာက Linux bootable USB ကို ကျတော့ မြင်လည်း မြင်တယ်၊ boot လည်း လုပ်လို့ရပါတယ်။ ပြဿနာကို အဖြေရှာကြည့်တော့ bootable USB ကို ဘယ်လို လုပ်ထားလည်း၊ ဘယ် software နဲ့ လုပ်ထားလည်း ဆိုတာက အရေးကြီးတာကို တွေ့ရပါတယ်။

Windows 10 disc image (ISO) ကနေ bootable USB installer ကို လုပ်တဲ့နေရာမှာ Windows 7 USB DVD download tool ကို သုံးပြီး လုပ်ထားတဲ့ USB ကို boot လုပ်လို့မရပါ (တစ်ခြား စက်မှာရပါတယ်)။ Universal USB Installer creator software နဲ့ လုပ်ထားတဲ့ USB ကိုလည်း boot လုပ်လို့ မရပါ။ နောက်ဆုံးမှာ Rufus 3.x နဲ့ လုပ်ထားတဲ့ Win10 USB installer နဲ့မှ အဆင်ပြေသွားပါတယ်။

Rufus နဲ့ USB installer ကို create လုပ်တဲ့အချိန်မှာ Target system နေရာမှာ UEFI (non CSM) ကို သေချာရွေးထားမှ HP 15s လို ခေါင်းမာတဲ့ computer တွေမှာ USB ကနေ boot လုပ်လို့ရပါတယ်။ Partition scheme မှာ MBR နဲ့ boot လုပ်လို့ မရရင် GPT ကို ရွေးပေးပါ။

(CSM = Compatibility Support Module)

https://rufus.ie/en_US/